ဗျာဒိတ် 15:2 - Common Language Bible2 ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 တစ် ဖန် မီး ရောင် ထွက် သော ဖန် သ မု ဒ္ဒ ရာ အ ဆင်း ကို လည်း ကောင်း၊ သား ရဲ မှ စ၍ ရုပ် ပုံ နှင့် အ မည် ဂ ဏန်း အ န္တ ရာယ် မှ လွတ် မြောက် အောင် မြင် သူ တို့ သည် ဘု ရား သ ခင့် စောင်း တော် များ ကို ပိုက် လျက် ဖန် သ မု ဒ္ဒ ရာ ပေါ် တွင် ရပ် နေ သည် ကို လည်း ကောင်း ငါ မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 တစ်ဖန် မီးနှင့်ရောထားသည့် ဖန်ပင်လယ်ကဲ့သို့သောအရာကိုလည်းကောင်း၊ သားရဲ၊ သူ၏ရုပ်တုနှင့် သူ့အမည်၏ကိန်းဂဏန်းတို့အပေါ် အနိုင်ရသောသူတို့သည် ဘုရားသခင်၏စောင်းများကိုကိုင်ဆောင်လျက် ထိုဖန်ပင်လယ်ပေါ်တွင်ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထို့ပြင် မီးနှင့်ရောသည့် ဖန်ပင်လယ်နှင့် တူသောအရာကို ကျွန်ုပ်မြင်ရပြန်၏။ သားရဲကိုလည်းကောင်း၊ သူ၏ ရုပ်တုကိုလည်းကောင်း၊ သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းကိုလည်းကောင်း အောင်နိုင်သောသူတို့သည် ဘုရားသခင် ပေးအပ်သော စောင်းကို ကိုင်ဆောင်၍ ထိုဖန်ပင်လယ်ဘေးတွင် ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-