Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 13:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဤ​နေရာ​တွင် ဉာဏ်ပညာ​ရှိ​ရန်​လို​အပ်​၏။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် သားရဲ​၏​ကိန်းဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်းမူကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်းဂဏန်း​ဖြစ်​ပြီး ထို​ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်​ခြောက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​ရှိ​ရန်​လို ပေ​သည်။ ဉာဏ်​ပ​ညာ​ရှိ​သူ​သည်​သား​ရဲ​၏ ကိန်း​ဂ​ဏန်း​အ​နက်​ကို​တွက်​ချက်​ကြည့်​နိုင် ၏။ ထို​ကိန်း​ဂ​ဏန်း​သည်​လူ​တစ်​ယောက်​၏ နာ​မည်​ကို​ကိုယ်​စား​ပြု​၏။ ထို​ကိန်း​ဂ​ဏန်း မှာ​ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ပ ညာ ပြ ရ သည် မှာ ဉာဏ် ကောင်း သူ သည် လူ၏ ဂ ဏာန်း ဖြစ် သော ထို သား ရဲ၏ ဂ ဏာန်း ကို ရေ တွက် စေ။ ခြောက် ရာ့ ခြောက် ဆယ့် ခြောက် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဤ​ကိစ္စ​နှင့်​ပတ်သက်​၍ ဉာဏ်ပညာ ရှိ​ရန် လိုအပ်၏။ ဉာဏ်ပညာ​ရှိသူ​သည် သားရဲ​၏ ကိန်းဂဏန်း​ကို တွက်ချက်​၍ အဓိပ္ပာယ်​ဖွင့်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ထို​ကိန်းဂဏန်း​သည် လူတစ်ဦး​ကို ကိုယ်စားပြု​သောကြောင့်​ဖြစ်၏။ သူ​၏ ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်ခြောက် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 13:18
10 ပူးပေါင်းရင်းမြစ်များ  

မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။


လူ​အများ​တို့​သည် သန့်ရှင်း​၍ အပြစ်ကင်းစင်​အောင် စစ်ကြော​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​အမှု​တို့​ကို​သာ ပြု​လိမ့်မည်​။ ဆိုးယုတ်​သူ​တစ်ယောက်​မျှ သိနားလည်​မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​မူကား သိနားလည်​ကြ​လိမ့်မည်​။


မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။


ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။


သို့ရာတွင် ငါ​တို့​၏​မတရားမှု​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေ​လျှင် မည်သို့​ဆို​ရ​မည်နည်း။ လူသား​တစ်​ဦး​အနေဖြင့်​ငါ​ဆို​သော် အမျက်​တော်​ကို​သက်ရောက်​စေ​တော်မူ​သော​ဘုရားသခင်​သည် မ​ဖြောင့်မတ်​သော​အရှင်​ဖြစ်​သလော။


(​အကယ်စင်စစ် ရေဖိမ်​လူမျိုး​တွင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တစ်ယောက်တည်း​သာ ကြွင်းကျန်​၏​။ လူ့​လက်​ဖြင့်​တိုင်း​လျှင် အလျား​ကိုး​တောင်​၊ အနံ​လေး​တောင်​ရှိ​သော သူ​၏​သံ​ညောင်စောင်း​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့​ဖြစ်​သော​ရဗ္ဗာ​မြို့​၌ တွေ့​နိုင်​၏​။​)


အချိန်​နီးကပ်​ပြီ​ဖြစ်၍ ဤ​ပရောဖက်ပြု​ဟောပြော​သော​စကား​ကို ဖတ်ကြား​သော​သူ​နှင့် ဤ​စကား​ကို​ကြားနာ​၍ ၎င်း​တွင်​ရေး​ထား​သော​အရာ​များ​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။


တစ်ဖန် မီး​နှင့်​ရော​ထား​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ကို​လည်းကောင်း၊ သားရဲ၊ သူ​၏​ရုပ်တု​နှင့် သူ့​အမည်​၏​ကိန်းဂဏန်း​တို့​အပေါ် အနိုင်ရ​သော​သူ​တို့​သည် ဘုရားသခင်​၏​စောင်း​များ​ကို​ကိုင်ဆောင်​လျက် ထို​ဖန်​ပင်လယ်​ပေါ်တွင်​ရပ်​နေ​ကြ​သည်​ကို​လည်းကောင်း ငါ​မြင်​ရ​၏။


ဤ​နေရာ​တွင် ဉာဏ်ပညာ​ပါ​သော​အသိစိတ်​ရှိ​ရန်​လိုအပ်​၏။ ခေါင်း​ခုနစ်​လုံး​သည် ထို​မိန်းမ​ထိုင်​နေ​သော​တောင်​ခုနစ်​လုံး​ဖြစ်​ပြီး


မြို့ရိုး​ထု​ကို​လည်း​တိုင်း​လေ​ရာ ကောင်းကင်​တမန်​၏​အတိုင်းအတာ​လည်း​ဖြစ်​သော လူ​၏​အတိုင်းအတာ​အားဖြင့် အတောင် တစ်ရာ​လေးဆယ့်​လေး​တောင်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ