ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
ဗျာဒိတ် 11:18 - Common Language Bible ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။- Garrad Bible လူ မျိုး ခြား တို့ အ မျက် ထွက် ရာ၌ ကိုယ် တော် တိုင် အ မျက် ဒဏ် ထား၍ သူ သေ တို့ ကို စီ ရင် ဆုံး ဖြတ် တော် မူ ရန် အ ချိန် ကျွန် တော် ရင်း ပ ရော ဖက် ဖြစ် သူ၊ သီး သန့် ထား တော် မူ သူ၊ နာ မ တော် ကို ခန့် ညား သူ၊ အ ယုတ် အ မြတ် တို့ အား ဆု သ နား တော် မူ ရန် အ ချိန်၊ မြေ ကြီး ကို ဖျက် ဆီး သူ တို့ အား ဖျက် ဆီး တော် မူ ရန် အ ချိန် တိုင် ရောက် ပါ ပြီ ဟု လျှောက် ဆို ကြ၏။ Judson Bible လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။ |
ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
ထိုနောက်သူသည်အရှေ့မျက်နှာအရပ် နှင့်မြောက်မျက်နှာအရပ်တို့မှရောက်ရှိ လာသောသတင်းများကြောင့် ထိတ်လန့်၍ ပြင်းထန်စွာတိုက်ခိုက်သဖြင့်လူအမြောက် အမြားကိုဆုံးပါးစေလိမ့်မည်။-
ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
လူသည်တစ်ကြိမ်တည်းသာသေရ၍ထို့နောက် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံရ၏။-
သတ္တမကောင်းကင်တမန်တံပိုးခရာမှုတ်သော အခါ၌ ကိုယ်တော်သည်မိမိ၏နက်နဲသော အကြံအစည်တော်တို့ကိုပြီးမြောက်စေ တော်မူမည်'' ဟုဆိုလေသည်။
ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-
အဖမ်းခံရမည့်သူသည်အဖမ်းခံရမည် သာဖြစ်သည်။ ဋ္ဌားဘေးနှင့်သေရမည့်သူသည် လည်းဋ္ဌားဘေးနှင့်သေရမည်သာဖြစ်၏။ ဤ အကြောင်းကြောင့်ဘုရားသခင်၏လူစု တော်သည်တည်ကြည်သူများ၊ သစ္စာရှိသူ များဖြစ်ရန်လိုပေသည်။
ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။-
ဘုရားသခင်၏အမျက်တော်ဖလားမှ ပြင်း ထန်သောအမျက်တော်တည်းဟူသောစပျစ် ရည်ကိုသောက်ရလိမ့်မည်။ မြင့်မြတ်သန့်ရှင်း သောကောင်းကင်တမန်များနှင့်သိုးသူငယ် တော်၏ရှေ့၌ ကန့်နှင့်မီးထဲတွင်နှိပ်စက်ညှဉ်း ဆဲခြင်းကိုခံရလိမ့်မည်။-
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
သက်ရှိသတ္တဝါလေးပါးအနက်တစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်ပြည့်လျက်ရှိ သည့် ရွှေဖလားခုနစ်လုံးကိုကောင်းကင်တမန် ခုနစ်ပါးတို့အားပေးအပ်၏။-
သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။ သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။ သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့် သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
သင်တို့သည်ရှင်ဘုရင်တို့၏အသား၊ ဗိုလ်ချုပ် ကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ လူ ကြီးလူငယ်၊ ကျွန်နှင့်ကျွန်မဟုတ်သူတို့၏ အသားကိုစားကြရလတ္တံ့'' ဟုအသံကျယ် စွာကြွေးကြော်လေသည်။
``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။-
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
(ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။
သခင်ယေရှုက``နားထောင်လော့။ မကြာမီငါ ကြွလာမည်။ လူအသီးသီးတို့အား မိမိတို့၏ အကျင့်အလျောက်ပေးအပ်ရန်ဆုကိုငါယူ လာမည်။-