ဗျာဒိတ် 15:7 - Common Language Bible7 သက်ရှိသတ္တဝါလေးပါးအနက်တစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်ပြည့်လျက်ရှိ သည့် ရွှေဖလားခုနစ်လုံးကိုကောင်းကင်တမန် ခုနစ်ပါးတို့အားပေးအပ်၏။- အခန်းကိုကြည့်ပါ။Garrad Bible7 သ တ္တ ဝါ လေး ပါး အ ဝင် တစ် ပါး သည် က မ္ဘာ အ ဆက် ဆက် အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် အ မျက် တော် နှင့် ပြည့် သည့် ရွှေ ဖ လား ခု နစ် လုံး ကို ထို စေ တ မန် တော် ခု နစ် ပါး အား ပေး အပ် သည် နှင့်၊ အခန်းကိုကြည့်ပါ။Judson Bible7 သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ သတ္တဝါလေးပါးထဲမှတစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏ပြင်းစွာသောဒေါသဖြင့်ပြည့်နေသည့် ရွှေဖလားခုနစ်လုံးကို ထိုကောင်းကင်တမန်ခုနစ်ပါးတို့အား ပေးလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သတ္တဝါလေးပါးအနက် တစ်ပါးသည် အစဉ်ထာဝရ အသက်ရှင်တော်မူသည့် ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးအား တစ်လုံးစီ ပေး၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊