Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 11:19 - Common Language Bible

19 ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ကောင်း ကင် ဘုံ ရှိ ဘု ရား သ ခင် ဗိ မာန် တော် ပွင့် ၍ အ တွင်း ရှိ ပ ဋိ ညာဉ် တော် သေ တ္တာ ထင် ပေါ် ရာ လျှပ် ပြက် ခြင်း၊ မိုး ချုန်း ခြင်း၊ ထစ် ခြင်း၊ င လျင် လှုပ် ခြင်း၊ သည်း စွာ မိုး သီး ကျ ခြင်း များ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထိုအခါ ကောင်းကင်ဘုံ​၌​ရှိသော ဘုရားသခင်​၏ ဗိမာန်တော်​သည် ပွင့်​၍ ကိုယ်တော်​၏​ဗိမာန်တော်​၌ ပဋိညာဉ်​သေတ္တာတော်​ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံ​မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်​လှုပ်ခြင်း၊ ကြီးမားသော​မိုးသီးကျခြင်း​တို့ ဖြစ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 11:19
33 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ထို​ပြည်​တွင်​မိုး​အ​စား မိုး​သီး​ကို​ရွာ​စေ​တော်​မူ​၍ လျှပ်​ပန်း​လျှပ်​နွယ်​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။


ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊ မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-


(သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)


ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊-


အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​အ​မျက်​ထွက်​၍​ထို​မြို့​ရိုး ကို​ဖြို​ရန်​လေ​ပြင်း​မုန်​တိုင်း​ကို​တိုက်​စေ​မည်။ ဒေါ​သ​ထွက်​၍​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း စေ​၍​မိုး​သီး​များ​ကို​ကျ​လျက်​ပျက်​စီး စေ​မည်။-


ငါ​သည်​ဋ္ဌား​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့ အား​ဖြင့်​သူ့​ကို​ဆုံး​မ​မည်။ သူ​နှင့်​တ​ကွ သူ​၏​စစ်​သည်​ဗိုလ်​ခြေ​များ၊ အ​ပေါင်း​ပါ လူ​အ​မျိုး​မျိုး​တို့​အ​ပေါ်​သို့​ကန့်​နှင့်​မီး အ​ပါ​အ​ဝင်​မိုး​သီး​မိုး​ပေါက်​ကြီး​များ ကို​ပြင်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။-


စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။-


ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။


ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။


ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-


ထို​နောက်​မိုး​ကောင်း​ကင်​တွင်​အ​တိတ်​နိ​မိတ် ကြီး​တစ်​ရပ်​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​နေ​ကို​ဝတ်​ရုံ ကာ၊ လ​၏​အ​ပေါ်​တွင်​ခြေ​တင်​၍​ကြယ်​တစ် ဆယ့်​နှစ်​လုံး​ပါ​သည့်​သ​ရ​ဖူ​ကို​ဆောင်း​၍ ထား​၏။-


ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထို​နောက်​လျှပ်​ပန်း​လျှပ်​နွယ်​များ၊ တော်​လဲ​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လျက်​မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ လူ့​သ​မိုင်း​တွင်​ဤ​မျှ​ပြင်း​ထန်​စွာ မြေ​င​လျင်​လှုပ်​ခြင်း​မ​ရှိ​ဘူး​ချေ။-


ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။


ထို​နောက်​ကောင်း​ကင်​ဘုံ​ပွင့်​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ ထို​အ​ရပ်​တွင်​မြင်း​ဖြူ​တစ်​စီး​ရှိ​၏။ ထို မြင်း​ကို​စီး​သူ​သည်​သစ္စာ​သမ္မာ​ဟူ​၍​နာ​မည်​တွင်​၏။ ထို​အ​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တတ်​၏။ တ​ရား​သ​ဖြင့်​စစ်​တိုက်​တတ်​၏။-


ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-


ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-


ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-


ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​လင်​ပန်း​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​က​မီး​ကို​ထည့်​၍​ကမ္ဘာ မြေ​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​အ​ခါ​မိုး​ကြိုး ထစ်​ချုန်း​ခြင်း၊ အ​သံ​မြည်​ခြင်း၊ လျှပ်​ပြက် ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း​တို့​ဖြစ်​ပေါ်​လာ လေ​သည်။


ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ