သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
ဖိလိပ္ပိ 2:22 - Common Language Bible တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။- Garrad Bible တိ မော သေ မူ ကား သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု ၌ သား အ ဘ ကဲ့ သို့ ငါ နှင့် အ တူ ဆောင် ရွက် လျက် သ ဘော ထင် ရှား ကြောင်း သင် တို့ သိ ၏။ Judson Bible သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။ |
သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။
ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။-
ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။-
ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
တိမောသေတစ်ဦးသာလျှင်ငါနှင့်သဘောချင်း တူ၍သင်တို့၏အကျိုးကိုအကယ်ပင်လိုလား သူဖြစ်၏။-
ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
ဤညွှန်ကြားချက်များကိုညီအစ်ကိုတို့အား ပေးအပ်မည်ဆိုပါမူ သင်သည်မိမိလိုက်နာ သည့်ယုံကြည်ချက်နှင့်မှန်ကန်သည့်အယူ ဝါဒကိုမှီဝဲကျင့်သုံးလျက် ခရစ်တော် ယေရှု၏အစေခံကောင်းဖြစ်လိမ့်မည်။-
ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
သို့ရာတွင်သင်သည်ငါ၏သြဝါဒ၊ ငါ၏ အကျင့်အကြံနှင့်ငါ၏ဘဝရည်မှန်းချက်ကို သိမြင်ခဲ့ပြီ။ ငါ၏ယုံကြည်ခြင်း၊ ငါ၏သည်း ညည်းခံခြင်း၊ ငါ၏မေတ္တာ၊ ငါ၏ခံနိုင်ရည်၊-
ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။