Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 2:20 - Common Language Bible

20 တိ​မော​သေ​တစ်​ဦး​သာ​လျှင်​ငါ​နှင့်​သ​ဘော​ချင်း တူ​၍​သင်​တို့​၏​အ​ကျိုး​ကို​အ​ကယ်​ပင်​လို​လား သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 တိ မော သေ မှ တစ် ပါး သင် တို့ အ ဖြစ် အ နေ အ တွက် စင် စစ် ကြောင့် ကြ သော သ ဘော ရှိ သူ တစ် ယောက် မျှ ငါ၌ မ ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သင်တို့​အကျိုး​အတွက် အမှန်တကယ်​အလေးထားမည့် တိမောသေ​ကဲ့သို့သော​သူ အခြား​တစ်စုံတစ်ယောက်​မျှ ကျွန်ုပ်​၌ မရှိပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 2:20
16 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊ ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။


လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။


သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-


ဤ​သို့​ပြော​ဆို​ရာ​၌​သူ​သည်​ဆင်း​ရဲ​သူ​တို့ အား​ကြင်​နာ​ထောက်​ထား​၍​မ​ဟုတ်၊ ခိုး​ဝှက် တတ်​သူ​ဖြစ်​၍​သာ​လျှင်​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​သည်​ငွေ​အိတ်​ကို​လွယ်​ရ​သူ​ဖြစ်​၍​ငွေ​များ ကို​ခိုး​ယူ​သုံး​စွဲ​လေ့​ရှိ​သ​တည်း။


သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-


အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-


သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။-


တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-


ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။


ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-


သင်​သည်​သင်​၏​အ​ဖွား​လော​ဣ​နှင့်​အ​မိ​ဥ​နိတ် တို့​ကဲ့​သို့​ဟန်​ဆောင်​မှု​မ​ရှိ​ဘဲ ယုံ​ကြည်​ကြောင်း ကို​ငါ​သ​တိ​ရ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း မျိုး​သည်​သင်​၌​လည်း​ရှိ​သည်​ဟု​ငါ​စိတ်​ချ​၏။-


သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊-


ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-


ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ