ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။
နေဟမိ 9:4 - Common Language Bible လေဝိအနွယ်ဝင်တို့အတွက်ဆောက်လုပ်ထား သောစင်မြင့်ပေါ်တွင်ယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိနှင့်ခေနနိတို့သည် ရပ်လျက် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့အသံကျယ်စွာဆုတောင်းပတ္ထနာ ပြုကြ၏။ Garrad Bible ထို အ ခါ ယော ရှု၊ ဗာ နိ၊ ကပ် မြေ လ၊ ရှေ ဗ နိ၊ ဗု န္နိ၊ ရှေ ရ ဘိ၊ ဗာ နိ၊ ခေ န နိ တို့ သည်၊ လေ ဝိ ဂိုဏ်း သား တို့ ပ လ္လင် ပေါ် တွင် ရပ်၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ကျယ် စွာ အော် ဟစ် ပြီး မှ၊ Judson Bible ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင်ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရွှာ၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် လေဝိအမျိုးတို့၏စင်ပေါ်တွင်ရပ်၍ ဘုရားသခင်ထာဝရဘုရားထံ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ဆုတောင်းကြ၏။ |
ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။
အောက်ပါလေဝိအနွယ်ဝင်တို့သည် မြို့ရိုး တည်ဆောက်မှုတွင်ပါဝင်ကူညီကြလေ သည်။ ဗာနိ၏သားရေဟုံသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်၍၊ ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာ ရှဘိသည် နောက်တစ်ပိုင်းကိုမိမိနယ်ကိုယ် စားတည်ဆောက်၏။
ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။