Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 8:7 - Common Language Bible

7 ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7-8 လေ ဝိ ဂိုဏ်း သား ယော ရှု၊ ဗာ နိ၊ ရှေ ရ ဘိ၊ ယာ မိန်၊ အ က္ကုပ်၊ ရှ ဗ္ဗေ သဲ၊ ဟော ဒိ ယ၊ မာ သေ ယ၊ ကေ လိ တ၊ အာ ဇ ရိ၊ ယော ဇ ဗဒ်၊ ဟာ နန်၊ ဝေ လာ ယ တို့ သည်၊ ဘု ရား သ ခင်၏ ပ ညတ် တ္တိ ကျမ်း ကို ရှင်း လင်း စွာ ဖတ် ရွတ်၍၊ လူ ပ ရိ သတ် နား လည် စေ ရန် အ နက် ကို ဖော် ပြ သွန် သင် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယော​ရှု၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊ ယာ​မိန်၊ အ​က္ကုပ်၊ ရှ​ဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်၊ ပေ​လာ​ယ​အ​စ​ရှိ​သော လေ​ဝိ​သား​တို့​သည်​လည်း လူ​များ​တို့​အား ပ​ည​တ္တိ​ကျမ်း​စာ​အ​နက်​ကို ပြန်​ကြား​ကြ၏။ လူ​များ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ၌ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 လူ​အပေါင်း​တို့ ရပ်​နေ​ကြ​စဉ် ယေရွှာ​၊ ဗာနိ​၊ ရှေရဘိ​၊ ယာမိန်​၊ အက္ကုပ်​၊ ရှဗ္ဗေသဲ​၊ ဟောဒိယ​၊ မာသေယ​၊ ကေလိတ​၊ အာဇရိ​၊ ယောဇဗဒ်​၊ ဟာနန်​၊ ပေလာယ​နှင့်​လေဝိ​သား​တို့​သည် လူ​တို့​အား ပညတ်တရား​ကို​နားလည်​အောင်​ရှင်းပြ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 8:7
27 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-


ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-


ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-


ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-


ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။


ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊-


အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။ ဗာ​နိ​၏​သား​ရေ​ဟုံ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၍၊ ကိ​လ​နယ်​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ဟာ ရှ​ဘိ​သည် နောက်​တစ်​ပိုင်း​ကို​မိ​မိ​နယ်​ကိုယ် စား​တည်​ဆောက်​၏။


ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။


နောက်​တစ်​ပိုင်း​ကို​ဗင်္ယာ​မိန်​နှင့်​ဟာ​ရှုပ်​တို့​က မိ​မိ​တို့​နေ​အိမ်​များ​ရှေ့​တွင်​တည်​ဆောက် ကြ​၍၊ အာ​န​နိ​၏​မြေး​မာ​သေ​ယ​၏​သား​အာ​ဇ​ရိ က မိ​မိ​အိမ်​ရှေ့​၌​နောက်​တစ်​ပိုင်း​ကို​တည် ဆောက်​လေ​သည်။


သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။


ဧ​ဇ​ရ​သည်​ထို​အ​ချိန်​အ​ခါ​အ​တွက်​ဆောက် လုပ်​ထား​သော​သစ်​သား​စင်​မြင့်​ပေါ်​တွင်​ရပ် ၍ ပ​ညတ်​ကျမ်း​ကို​ဖတ်​လေ​သည်။ မတ္တိ​သိ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ​နှင့်​မာ​သေ​ယ​တို့ သည်​သူ​၏​လက်ယာ​ဘက်​၌​လည်း​ကောင်း၊ ပေ​ဒါ ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​သည်​လက်​ဝဲ​ဘက်​၌ လည်း​ကောင်း​ရပ်​လျက်​နေ​ကြ​၏။


ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို ကာ​ရှင်း​ပြ​ကြ​လေ​သည်။


သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။


လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။


မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။


သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။ ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ