၂ ရာချုပ် 20:19 - Common Language Bible19 ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible19 လေ ဝိ အ နွယ် ကော ဟတ် နှင့် ကော ရ ဂိုဏ်း သား တို့ သည်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဂုဏ် တော် ကို သံ ကုန် ဟစ်၍ ထ ရပ် ချီး မွမ်း ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှာ ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 လေဝိအမျိုးများဖြစ်သော ကောဟတ်သားမြေးနှင့် ကောရသားမြေးတို့သည်လည်းရပ်လျက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သံကုန်ဟစ်၍ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-