နေဟမိ 9:5 - Common Language Bible
5 လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 လေ ဝိ ဂိုဏ်း သား ယော ရှု၊ ကပ် မြေ လ၊ ဗာ နိ၊ ဟာ ရှ ဗ နိ၊ ရှေ ရ ဘိ၊ ဟော ဒိ ယ၊ ရှေ ဗ နိ၊ ပေ သ ဟိ တို့ ဆို သည် မှာ၊ ကမ္ဘာ အ ဆက် ဆက် တည် တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ရပ် လျက် ဩ ဘာ ဆက် ကြ လော့။ ချီး မွမ်း ခြင်း၊ ဩ ဘာ ဆက် ခြင်း မ ကုန် နိုင် အောင် မြင့် မြတ် လျက်၊ ဘုန်း တော် နှင့် ပြည့် စုံ သော နာ မ တော် သည်၊ မင်္ဂ လာ ရှိ စေ သ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 တစ်ဖန် လေဝိသား ယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းချီးပေးကြလော့။ ကောင်းချီးပေးခြင်း၊ ချီးမွမ်းခြင်းအမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏နာမသည် မင်္ဂလာရှိပါစေသတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ