ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
နေဟမိ 2:10 - Common Language Bible သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား အ ကျိုး ပြု စု ရန် လူ တစ် ယောက် လာ ကြောင်း ကို၊ ဟော ရုန် မြို့ သား သ မ္ဘာ လတ် နှင့် ကျွန် ဖြစ် သူ၊ အ မ္မုန် အ မျိုး တော ဘိ ယ တို့ ကြား လျှင်၊ အ လွန် တစ် ရာ ဝန် တို ကြ သ တည်း။ Judson Bible ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှာ၊ လူတစ်ယောက်လာကြောင်းကို၊ ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာ ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏ကောင်းကျိုးကို ပြုစုပေးမည့်သူတစ်ဦး ရောက်လာကြောင်း ဟောရနိလူမျိုး သမ္ဘာလတ်နှင့် အမ္မုန်လူမျိုး အမှုထမ်းတောဘိတို့ ကြားသိလျှင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်လေ၏။ |
ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။-
ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
ငါသည်မောဘပြည်အတွက်ငိုကျွေး၏။ ပြည် သူတို့သည်ဇောရမြို့ဧဂလတ်ရှလိရှိယ အထိထွက်ပြေးကြ၏။ အချို့သောသူတို့ သည်မျက်ရည်ကျလျက် လုဟိတ်တောင်လမ်း အတိုင်းတက်သွားကြ၏။ အချို့တို့ကမူ ဝမ်းနည်းအော်ဟစ်ငိုကြွေးကာ ဟောရနိမ် မြို့သို့ထွက်ပြေးကြကုန်၏။-
ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍ အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။-
ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-