ယေရမိ 41:10 - Common Language Bible10 ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို့ နောက် နာ သ နိ သား ဣ ရှေ မေ လ သည်၊ အ ဟိ ကံ့ သား ဂေ ဒ လိ သို့၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွှဲ အပ် ခဲ့ သော မင်း သ မီး တို့ မှ စ၍၊ မိ ဇ ပါ မြို့၌ နေ ရစ် သူ အ ကြွင်း အ ကျန် အ ပေါင်း တို့ ကို သုံ့ ဘမ်း၍၊ အ မ္မုန် အ မျိုး သား တို့ ပြည် သို့ ကူး ဝင် ရန် အ ကြံ နှင့် ထွက် သွား လေ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုအခါ အဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည်သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။ အခန်းကိုကြည့်ပါ။ |
``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-