လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
နေဟမိ 11:1 - Common Language Bible ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။- Garrad Bible ထို ကာ လ၊ ဣ သ ရေ လ မှူး မတ် တို့ သည်၊ ယေ ရု ရှ လင် မြို့၌ နေ လျက်၊ ကြွင်း သူ တို့ ကား၊ ဆယ် အိမ် လျှင် တစ် အိမ် ကျ၊ သန့် ရှင်း သော ယေ ရု ရှ လင် မြို့ တွင် လည်း ကောင်း၊ ကျန် ကိုး အိမ် မူ၊ အ ခြား မြို့ ရွာ များ တွင် လည်း ကောင်း၊ နေ ထိုင် ကြ ရန် မဲ ချ ကြ ၏။ Judson Bible ထိုအခါ လူများတို့တွင် မင်းလုပ်သောသူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တစ်ကျိပ်တွင်တစ်ယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည်အကြောင်း စာရေးတံပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။ |
လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-
ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-
ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။
ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။
လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
ထိုအခါ၌ငါက``ငါတို့သည်ညဥ့်အခါ မြို့ကိုကင်းစောင့်၍နေ့အခါအလုပ်လုပ် နိုင်ကြစေရန် သင်တို့နှင့်သင်တို့အားကူညီ သူရှိသမျှတို့သည်ညဥ့်အခါယေရု ရှလင်မြို့တွင်အိပ်ရမည်'' ဟုတာဝန် ရှိသူတို့အားဆို၏။-
ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။
``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။
စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
ထိုနောက်မဲချကြရာမဿိရရှိသဖြင့် သူ့အားတမန်တော်တစ်ကျိပ်တစ်ပါးတို့ နှင့်အတူ တမန်တော်ဖြစ်စေရန်ရွေးကောက် ခန့်ထားကြ၏။
ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။