ဆာလံ 122:6 - Common Language Bible6-7 ``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible6-7 ယေ ရု ရှ လင် မြို့၌ ရန် ငြိမ်း ခြင်း၊ သင့် ကို စုံ မက် သော သူ တို့၌ ချမ်း သာ ခြင်း၊ သင့် မြို့ ရိုး အ တွင်း ရန် ငြိမ်း ခြင်း၊ သင့် ဘုံ ဗိ မာန် များ ၌ ချမ်း သာ ခြင်း ရှိ ပါ စေ သော ဟု တောင်း လျှောက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible6 ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သောသူတို့သည် ချမ်းသာရကြပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6-7 “သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။ အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော် သည်အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည် လည်းကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ် ကိုကိုယ်တော်စေလွှတ်တော်မူကြောင်းကိုလောက သားတို့ယုံကြည်ကြစေရန် ထိုသူတို့ကိုတစ် လုံးတစ်ဝတည်းဖြစ်စေတော်မူပါ။-