၁ ရာချုပ် 9:3 - Common Language Bible3 ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ယု ဒ၊ ဗင်္ယာ မိန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် သား တို့ အ နက်၊ ယေ ရု ရှ လင် မြို့၌ နေ ထိုင် ရ သူ တို့ ကား၊ အခန်းကိုကြည့်ပါ။Judson Bible3 ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင် အခန်းကိုကြည့်ပါ။ |
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။