Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 10:39 - Common Language Bible

39 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။ ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ထို သို့ လေ ဝိ ဂိုဏ်း သား မှ စ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ မြှောက် ဆက် ရာ အ လှူ များ ကို၊ ဗိ မာန် တော် အ သုံး အ ဆောင် သို ထား သော၊ အ မှု ဆောင် ပ ရော ဟိတ်၊ တံ ခါး စောင့်၊ သီ ဆို သူ တို့ ရှိ ရာ အ ခန်း သို့၊ ဆောင် သွင်း ကြ ရ မည်။ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ကို ငါ တို့ မ စွန့် မ ခွာ ရ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 အစ္စရေး​လူမျိုး​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အလှူပစ္စည်း​များ​ဖြစ်​သည့် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို သိုလှောင်တိုက်​သို့ ယူဆောင်​လာ​ရ​မည်​။ ထို​နေရာ​တွင် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ ထားရှိ​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ နေ​ကြ​၏​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ငါ​တို့​စွန့်ပစ်​ထား​မည်​မ​ဟုတ်​ဟု ဝန်ခံ​ကတိပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:39
12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။


မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-


ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-


ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက်​ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့​စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည်​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း​သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့်​ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။


ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍ သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။


လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-


ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-


အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ