တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
ဒေသနာကျမ်း။ 10:20 - Common Language Bible ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။ Garrad Bible လေ သ တ္တ ဝါ သည်၊ စ ကား သံ ကို ဆောင် သွား လျက်၊ အ တောင် ရှိ သ တ္တ ဝါ လည်း၊ အ မှု ကို ဖော် ပြ တတ် သည် ဖြစ်၍ ဘု ရင် မင်း အား မ နော က မျှ ပုတ် ခတ် ဆဲ ရေး ခြင်း၊ သူ ဌေး သူ ကြွယ် အား အိပ် ခန်း တွင်း က မျှ ကျိန် ဆဲ ခြင်း ကို မ ပြု လင့်။ Judson Bible ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိန်ဆဲနှင့်။ လူကြီးကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် ထိုအသံကိုဆောင်သွားလိမ့်မည်။ ပျံတတ်သောအကောင်သည် ထိုအမှုကိုဖော်ပြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။ |
တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-
သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။