ထွက်မြောက် 8:3 - Common Language Bible3 မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 မြစ်၌ ဖား ပွား များ၍ နန်း တော် မှ စ သော စက် ခန်း၊ စက် မွေ့ ရာ၊ ကျေး ကျွန် သင်း ပင်း တို့ အိမ် များ ၌ လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ အ ပေါ် ၌ လည်း ကောင်း၊ ပွဲ တော် ဖို၊ အိုး ခွက် တော် များ ၌ လည်း ကောင်း တက် ဝင် ကြ အံ့။ အခန်းကိုကြည့်ပါ။Judson Bible3 မြစ်သည်လည်းများစွာသော ဖားတို့ကိုဖွား၍၊ သူတို့သည်သင်၏အိမ်၌လည်းကောင်း၊ အိပ်ခန်း၌လည်းကောင်း၊ အိပ်ရာပေါ်၌လည်းကောင်း၊ သင်၏ကျွန်တို့အိမ်၌လည်းကောင်း၊ သင်၏လူတို့အပေါ်၌လည်းကောင်း၊ သင်၏မီးဖို၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း တက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။-