| ဧသတာ 2:22 - Common Language Bible22 မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-အခန်းကိုကြည့်ပါ။ Garrad Bible22 မော် ဒ ကဲ ရိပ် မိ သ ဖြင့်၊ မိ ဖု ရား ဧ သ တာ အား ဖော် ပြ လေ၏။ ဧ သ တာ လည်း မော် ဒ ကဲ ဖော် ပြ ကြောင်း ဘု ရင် မင်း ထံ တင် လျှောက် သည့် အ တိုင်း၊ စစ် ကြော၍ အ မှန် ထင် ရှား သော်၊အခန်းကိုကြည့်ပါ။ Judson Bible22 ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဖော်ပြ၏။ ထိုသို့ မော်ဒကဲဖော်ပြကြောင်းကို ဧသတာသည် ရှင်ဘုရင်အား လျှောက်လေ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း22 ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။အခန်းကိုကြည့်ပါ။ | 
ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။