ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
ထွက်မြောက် 40:34 - Common Language Bible ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။- Garrad Bible ထို အ ခါ တွေ့ ဆုံ ရာ တဲ တော် ကို တိမ် တိုက် လွှမ်း မိုး ၍ စံ ရာ တော် သည် ထာ ဝ ရ ဘုရား ၏ ဘုန်း တော် နှင့် ပြည့် လေ ၏။ Judson Bible ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။ |
ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
သို့ဖြစ်၍ယဇ်ပုရောဟိတ်တို့သည်ထာဝရ ဘုရား၏ဗိမာန်တော်ထဲသို့မဝင်နိုင်ကြ။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။-
ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။-
မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။-
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
ဤသို့သူတို့ကြွေးကြော်ကြသည့်အသံကြောင့်၊ ဗိမာန်တော်အုတ်မြစ်သည်တုန်လှုပ်ကာဗိမာန်တော်သည်လည်းမီးခိုးများနှင့်ပြည့်၍လာတော့၏။
ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-