ထွက်မြောက် 29:43 - Common Language Bible43 ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။- အခန်းကိုကြည့်ပါ။Garrad Bible43 ထို ဌာ န ၌ ဣ သ ရေ လ အ မျိုး သား တို့ နှင့် ငါ တွေ့ ဆုံ၍ ဘုန်း တော် ဖြင့် သီး သန့် စေ မည်။ အခန်းကိုကြည့်ပါ။Judson Bible43 ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကိုသန့်ရှင်းစေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-