ထွက်မြောက် 39:5 - Common Language Bible ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။- Garrad Bible ကိုယ် ဝတ် ရင် စည်း ကို လည်း အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် တစ် ဆက် တည်း အ ဆင် တူ လုပ် ၏။ Judson Bible ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်လည်းကောင်း လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။ |
ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။-
ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-