သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
ထွက်မြောက် 31:6 - Common Language Bible သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊- Garrad Bible သူ နှင့် အ တူ ဒန့် အ နွယ်၊ အ ဟိ သ မက် သား အ ဟော လျ ဘ ကို လည်း၊ ငါ ခန့် ထား လျက် သင့် အား မိန့် မှာ သ မျှ ကို သု ခ မိန် အ ပေါင်း တို့ တတ် မြောက် စေ ခြင်း ငှါ နှ လုံး ထဲ သို့ ဉာဏ် ပ ညာ ကို ငါ သွင်း ပေး ပြီး သည် နှင့် အ ညီ၊ Judson Bible သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။ မြန်မာ့စံမီသမ္မာကျမ်း သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။ |
သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
အာရုန်သည်ငါ့ထံ၌ယဇ်ပုရောဟိတ်အဖြစ် ဆက်ကပ်၍ အမှုတော်ကိုထမ်းဆောင်နိုင်စေရန်၊ ငါကျွမ်းကျင်မှုပညာပေးထားသူတို့ကိုဆင့် ခေါ်၍သူ့အတွက်ဝတ်စုံကိုချုပ်စေရမည်။-
``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
ထာဝရဘုရားသည်သူ့အားလည်းကောင်း၊ ဒန်အနွယ်မှအဟိသမက်၏သားအဟော လျဘအားလည်းကောင်း၊ မိမိတို့၏အတတ် ပညာကိုအခြားသူတို့အားသင်ပေးနိုင် စွမ်းပေးထားတော်မူ၏။-
သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
တစ်ဖန်မောရှေက ဣသရေလအမျိုးသား အပေါင်းတို့အား``သင်တို့အားထာဝရဘုရား ဤသို့မိန့်တော်မူသည်။-
အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-