Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 35:34 - Common Language Bible

34 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သူ နှင့် အ တူ ဒန့် အ နွယ်၊ အ ဟိ သ မက် သား အ ဟော လျ ဘ အား လည်း သင် ပေး နိုင် ရန် နှ လုံး ရည် ကို သွင်း တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ဗေဇလေလ​နှင့် ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​တို့​အား သင်ကြား​ပေး​နိုင်​သည့်​စွမ်းရည်​ကို ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 35:34
10 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-


ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။


ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-


သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။-


သူ့​ကို​ကူ​ညီ​ရန်၊ ငါ​သည်​ဒန်​အ​နွယ်​မှ​အ​ဟိ သ​မက်​၏​သား​ဖြစ်​သူ အ​ဟော​လျ​ဘ​ကို​ရွေး ချယ်​ထား​ပြီ။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​လုပ် နိုင်​ရန်၊ အ​ခြား​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​အား​လည်း၊ အ​ထူး​ကျွမ်း​ကျင်​မှု ကို​ငါ​ပေး​ထား​သ​ဖြင့်၊-


ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-


အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ