ထွက်မြောက် 31:3 - Common Language Bible3-5 သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။- အခန်းကိုကြည့်ပါ။Garrad Bible3-5 လက် မှု ပ ညာ ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ ရွှေ ငွေ ကြေး အ လုပ် မှ စ၍ ချယ် စီ ရာ ကျောက် မျက် ကို သွေး ခြင်း၊ သစ် သား ကို ထု လုပ် ခြင်း တည်း ဟူ သော အ လုပ် အ မျိုး မျိုး ကို တတ် မြောက် စေ ခြင်း ငှါ၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ သိ ပ ညာ၊ အ တတ် ပ ညာ ဟူ သ မျှ ကို ပေး ၍ ငါ ဘု ရား ၏ ဝိ ညာဉ် တော် နှင့် ပြည့် စုံ စေ ၏။ အခန်းကိုကြည့်ပါ။Judson Bible3-5 သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။ အခန်းကိုကြည့်ပါ။ |
ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။
သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-