ထွက်မြောက် 28:12 - Common Language Bible ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အ ထိမ်း အ မှတ် ကျောက် မျက် ဖြစ် စေ ခြင်း ငှါ ထို ကျောက် နှစ် လုံး ကို ကိုယ် ဝတ် ပ ခုံး သိုင်း၌ တပ်၍ သူ တို့ အ မည် များ ကို အ ထိမ်း အ မှတ် အ ဖြစ် အာ ရုန် သည် ငါ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ပ ခုံး နှစ် ဘက် ပေါ် မှာ ဆောင် ရ မည်။ Judson Bible ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။ |
လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ထာဝရဘုရားအားဆက်သသည့်ပူဇော်သကာ အထိမ်းအမှတ်အဖြစ်မုန့်လုံးတစ်တန်းစီပေါ် တွင်နံ့သာအစစ်ကိုတင်လော့။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။
ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကိုဖဲ့ တော်မူလျက် ``ဤမုန့်ကားသင်တို့အတွက်စွန့် သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုသတိရ ခြင်းငှာဤသို့ပြုကြလော့'' ဟုမိန့်တော်မူ၏။-
ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။