Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 4:7 - Common Language Bible

7 သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​စဉ်​အ​ခါ​က မြစ်​ရေ​စီး​ရပ်​တန့်​သွား​ကြောင်း​ပြန်​ပြော​ရ ကြ​မည်။ ဤ​ကျောက်​တုံး​များ​သည်​ဤ​အ​ရပ် တွင်​ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​စဉ်​သ​တိ​ရ​စေ လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ သည် ယော် ဒန် မြစ် ကို ကြွ ဝင် စဉ်၊ ထို သေ တ္တာ တော် ရှေ့ မြစ် ရေ ပြတ် ကြောင်း၊ ဣ သရေ လ အ မျိုး အ စဉ် အ ဆက် မ ပြတ် ထိမ်း မှတ် ဖွယ် ရာ ဖြစ် သည် တ ကား ဟူ ၍ သင် တို့ ပြန် ပြော ရ ကြ မည် ဟု မိန့် ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​က​လည်း ဂျော်ဒန်​မြစ်ရေ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​၌ ရပ်တန့်​ခဲ့​၏​။ သေတ္တာ​တော်​နှင့် ဂျော်ဒန်​မြစ်​ကို​ကူး​သောအခါ ဂျော်ဒန်​မြစ်ရေ​သည် ရပ်တန့်​ခဲ့​၏​။ ဤ​ကျောက်တုံး​တို့​သည် ဤ​အဖြစ်​ကို အစ္စရေး​အမျိုးသား​တို့ အစဉ်​အမှတ်ရ​စေရန်​အတွက်​ဖြစ်​သည်​ဟု သူ​တို့​အား ပြောပြ​ရ​မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:7
11 ပူးပေါင်းရင်းမြစ်များ  

ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။


ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။


ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-


သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။


လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-


အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။


ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​အ​ဆော​တ​လျင် ထွက်​ခွာ​လာ​ခဲ့​ရ​စဉ်​က တ​ဆေး​မ​ပါ​သော မုန့်​ကို​စား​သ​ကဲ့​သို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရာ​တွင် တ​ဆေး​မ​ပါ​သော​မုန့်​ကို​ခု​နစ်​ရက်​တိုင်​တိုင် စား​ရ​မည်။ သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရာ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ရ​သော​နေ့​ကို တစ်​သက်​လုံး​သ​တိ​ရ​စေ​ရန် ဆင်း​ရဲ​ဒုက္ခ တည်း​ဟူ​သော​တ​ဆေး​မ​ပါ​သော​မုန့် ကို​စား​ကြ​လော့။-


ဤ​ကျောက်​တုံး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​အား သ​တိ​ရ​စေ​မည့်​အ​ထိမ်း​အ​မှတ်​ဖြစ်​သည်။ နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​များ က`ဤ​ကျောက်​တုံး​များ​သည်​မည်​သည့်​အဋ္ဌိပ္ပါယ် ကို​ဆောင်​ပါ​သ​နည်း' ဟု​မေး​မြန်း​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ