ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။
ထွက်မြောက် 25:22 - Common Language Bible ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။ Garrad Bible ထို ဌာ န၌ ငါ သည် သင် နှင့် တွေ့ ဆုံ၍ ဣ သ ရေ လ အ မျိုး သား တို့ ထံ ဆင့် ဆို ရန် ရှိ သ မျှ ကို အ ပြစ် ဖြေ ရာ ပ လ္လင် တော်၊ သက် သေ တော် သေ တ္တာ အ ပေါ် ရှိ ခေ ရု ဗ နှစ် ပါး စပ် ကြား မှ သင့် အား မြွက် ဆို မည်။ Judson Bible ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ်နှစ်ပါးအကြား ကရုဏာတော်ပလ္လင်အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။ |
ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။
ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
ဧဖရိမ်၊ဗင်္ယာမိန်နှင့်မနာရှေအမျိုးအနွယ် တို့အား ပေါ်လွင်ထင်ရှား၍ တန်ခိုးတော်ကိုပြတော်မူပြီးလျှင်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
ကူရိုးနှင့်လူသည်ငါ၏အနီးတွင်ရပ်၍ နေစဉ်ဗိမာန်တော်အထဲမှထာဝရ ဘုရားမိန့်တော်မူသံကိုငါကြားရ၏။-
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။
ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။