သူကြီး 20:27 - Common Language Bible27-28 ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27-28 ထို နေ့ ရက် ကာ လ၌ ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ သည် ၎င်း မြို့ တွင် ရှိ သည် ဖြစ်၍ ရှေ့ တော် ဝယ် အာ ရုန့် မြေး၊ ဧ လာ ဇာ့ သား ဖိ န ဟတ် ခ စား သည် နှင့် အ ကျွန်ုပ် တို့ အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရန် တစ် ဖန် ချီ ပြန် ရ ဦး မည် လော။ မ ချီ ဘဲ နေ ရ မည် လော ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ရာ ချီ ကြ ဦး။ နက် ဖြန် သင် တို့ လက် တွင်း သို့ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း အခန်းကိုကြည့်ပါ။Judson Bible27 ထိုကာလ၌ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည်ဖြစ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားအား မေးလျှောက်ကြ၏။ (ထိုစဉ်က ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ဗေသလအရပ်တွင် ရှိ၍ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-