၁ ရာချုပ် 13:6 - Common Language Bible6 ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ဣ သ ရေ လ တစ် မျိုး လုံး ကို စု ဝေး စေ ပြီး လျှင် နာ မ တော် ဖြင့် သ မုတ် ခံ ရာ ခေ ရု ဗ တို့ အ ထက် စံ တော် မူ သော ဘု ရား သ ခင် ၏ သေ တ္တာ တော် ကို ပင့် ဆောင် ရန် ဣ သ ရေ လ တစ် မျိုး လုံး နှင့် တ ကွ ယု ဒ ပိုင်၊ ကိ ရ ယတ် ယာ ရိမ် မြို့ တည်း ဟူ သော ဗာ လာ မြို့ သို့ ချီ သွား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည် ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်သော၊ ခေရုဗိမ်တို့အထက်တွင် စံနေတော်မူသော ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာရန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယုဒပြည်၊ ကိရယတ်ယာရိမ် ခေါ် ဗာလာမြို့သို့ သွားလေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-