ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။-
ထွက်မြောက် 17:14 - Common Language Bible ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား က အာ မ လက် ဟူ သော အ မှတ် ကို မိုး ကောင်း ကင် အောက် မှ ငါ ချေ ဖျောက် မည် ဖြစ် သော ကြောင့် ဤ အောင် မှု ကို မှတ် သား ရန် စာ ရင်း သွင်း၍ ယော ရှု အား ဖတ် ကြား လော့ ဟု မိန့် တော် မူ၏။ Judson Bible ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဖို့ စာရေးထား၍ ယောရှုအားဖတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။ |
ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။-
ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။-
သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။
အကျွန်ုပ်တို့သည်ကိုယ်တော်၏ပညတ်တော် တို့ကိုတစ်ဖန်လျစ်လူရှုလျက် ဤယုတ်မာသူ များနှင့်ထိမ်းမြားစုံဖက်ကြလျှင် ကိုယ်တော် သည်အကျွန်ုပ်တို့အားအမျက်ပြင်းစွာထွက် တော်မူသဖြင့် တစ်ယောက်မျှမကျန်အောင် သုတ်သင်ဖျက်ဆီးပစ်တော်မူမည်မဟုတ် ပါလော။-
မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။-
ထာဝရဘုရားက``ငါ့ကိုပြစ်မှားသူ၏ နာမည်ကိုသာငါ၏စာအုပ်မှပယ်ဖျက်မည်။-
ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-