အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ထွက်မြောက် 12:15 - Common Language Bible ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။- Garrad Bible ပ ထ မ နေ့၌ ပင် တ ဆေး ကို အိမ် များ မှ ပယ် ပြီး လျှင် ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို သာ စား ရ မည်။ ပ ထ မ နေ့ မှ စ၍ သ တ္တ မ နေ့ တိုင် တ ဆေး ခတ် သော မုန့် ကို စား သူ မည် သည် ကား၊ ဣ သ ရေ လ အ မျိုး မှ ပယ် ရှား ခံ ရ မည်။ Judson Bible ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ |
အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ ငါ မိန့်မှာခဲ့သည့်အတိုင်း အီဂျစ်ပြည်မှထွက်ခဲ့ ရသောအဗိဗလ၌ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။ မည်သူမျှ ပူဇော်သကာမပါဘဲနှင့် ငါ့ထံသို့ချဉ်းကပ် ၍ကိုးကွယ်ဝတ်ပြုခြင်းမပြုရ။
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
ထိုနံ့သာပေါင်းကိုမိမိအတွက်အမွှေး အကြိုင်အဖြစ်ဖော်စပ်သူသည်၊ ငါ၏လူ မျိုးတော်မှအပယ်ခံရမည်'' ဟုမိန့်တော် မူ၏။
ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ဣသရေလအမျိုးသားတို့သည်သွေး ပါသောအသားကိုမစားရ။ စားသောသူသည် ကိုယ်တော်၏လူမျိုးတော်မှထုတ်ပယ်ခြင်း ကိုခံရမည်ဟုထာဝရဘုရားမိန့်တော် မူ၏။
ထာဝရဘုရားသည်ဤသို့ပြုကျင့်သူမှန် သမျှအားသုတ်သင်ဖျက်ဆီးတော်မူပါစေ သော။ သူတို့အားအဘယ်အခါ၌မျှငါတို့ ၏အမျိုးသားဖြစ်ပိုင်ခွင့်ကိုလည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားအားပူဇော် သကာများဆက်သသည့်လူမျိုးတော်ဖြစ် ပိုင်ခွင့်ကိုလည်ကောင်းမပေးဘဲနေတော်မူ ပါစေသော။
တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
ထိုအခါတပည့်တော်တို့သည်မုန့်လုပ်တဆေး ကိုရှောင်ကြဉ်ရန်မဟုတ်ဘဲဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏သွန်သင်ချက်များကိုမလိုက်နာရန် ကိုယ်တော်သတိပေးတော်မူကြောင်းနားလည် ကြ၏။
ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
ပွဲတော်ပြီးဆုံးချိန်၌အိမ်သို့ပြန်ကြ၏။ ထို အခါသူငယ်တော်သည်ယေရုရှလင်မြို့မှာ နေရစ်၏။ ထိုသို့နေရစ်သည်ကိုမိဘများ မသိကြ။-
ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)-
သင်တို့ကိုနှောင့်ယှက်သောသူတို့သည်အရေ ဖျားလှီးမင်္ဂလာခံယူရုံသာမက မိမိတို့ ကိုယ်ကိုသင်းကွပ်လိုက်ကြလျှင်ကောင်းလိမ့်မည်။
သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-
``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။