Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 30:21 - Common Language Bible

21 ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​လျက်​နေ​သော လူ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ခု​နစ်​ရက်​တိုင်​တိုင်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကို​ကျင်း​ပ​ကြ​ကုန်​၏။ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တစ်​နေ့​ပြီး တစ်​နေ့ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​အ​စွမ်း ကုန်​ချီး​မွမ်း​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ယေ ရု ရှ လင် မြို့၌ စု ဝေး သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ခု နစ် ရက် ပတ် လုံး အား ရ ဝမ်း မြောက် စွာ တ ဆေး မဲ့ မုန့် ပွဲ ကို ကျင်း ပ ကြ ရာ၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ အ သံ မြည် သော တု ရိ ယာ မျိုး ဖြင့်၊ နေ့ ညဉ့် မ ဟူ၊ ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မွမ်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဂျေရုဆလင်​မြို့​သို့​လာရောက်​သော အစ္စရေး​အမျိုးသား​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​ပတ်လုံး အလွန်​ဝမ်းမြောက်ပျော်ရွှင်​စွာ ကျင်းပ​ကြ​၏​။ လေဝိ​အမျိုးသား​တို့​နှင့် ယဇ်ပုရောဟိတ်​တို့​သည်​လည်း ထာဝရဘုရား​ထံ နေ့စဉ်​ချီးမွမ်း​သီဆို​ကြ​၏​။ တူရိယာ​များ​တီးမှုတ်​လျက် ထာဝရဘုရား​အား ချီးမွမ်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 30:21
22 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။


ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။


သို့​သော်​အာ​ရှာ၊ မ​နာ​ရှေ​နှင့်​ဇာ​ဗု​လုန်​အနွယ် ဝင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​မူ​ကား ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​၏။-


ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဒါ​ဝိဒ် ၏​သား​တော်​ရှော​လ​မုန်​မင်း​လက်​ထက်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​သော​ပွဲ​မျိုး​ကို​မ​ကျင်း ပ​ဘူး​ကြ​သ​ဖြင့်​အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ကြ​ကုန်​၏။-


ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-


သတ္တ​မ​လ​နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ရှော​လ​မုန် သည်​ပြည်​သူ​တို့​အား မိ​မိ​တို့​နေ​ရပ်​သို့​ပြန် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​အား​ပြု​တော် မူ​သော​ကျေး​ဇူး​တော်​ကြောင့်​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​စွာ​ပြန်​ကြ​ကုန်​၏။


ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။


ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-


ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​မဲ့​မုန့်​ကို​စား​ပြီး လျှင် သတ္တ​မ​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပွဲ​တော် ကို​ကျင်း​ပ​ရ​မည်။-


တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-


ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-


ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-


တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။-


သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-


ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''


သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-


သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ