ထွက်မြောက် 12:16 - Common Language Bible16 ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။- အခန်းကိုကြည့်ပါ။Garrad Bible16 ပ ထ မ နေ့၌ လည်း ကောင်း၊ သ တ္တ မ နေ့ ၌ လည်း ကောင်း ဓ မ္မ အ စည်း အဝေး ကို ပြု ရ မည်။ ထို နေ့ များ၌ လူ တိုင်း စား သောက် ရေး မှ တစ် ပါး အ ခြား အ လုပ် ကို မ လုပ် မ ဆောင် ရ။ အခန်းကိုကြည့်ပါ။Judson Bible16 ပထမနေ့၌လည်းကောင်း၊ ခုနစ်ရက်နေ့၌လည်းကောင်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ ထိုနေ့ရက်၌ လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတစ်ပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။ အခန်းကိုကြည့်ပါ။ |
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။-
သင်တို့၏အသုံးမကျသောပူဇော်သကာများကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံမုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ်နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါစက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထိုအရာများသည်ဖောက်ပြန်ပျက်စီးနေသည်။-