ဝတ်ပြု 17:14 - Common Language Bible14 သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ဣသရေလအမျိုးသားတို့သည်သွေး ပါသောအသားကိုမစားရ။ စားသောသူသည် ကိုယ်တော်၏လူမျိုးတော်မှထုတ်ပယ်ခြင်း ကိုခံရမည်ဟုထာဝရဘုရားမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ကိုယ် ခ န္ဓာ တိုင်း၏ အ သက် ကား အ သွေး နှင့် တ ဝ တည်း ဖြစ်၍ ငါ က၊ ကိုယ် ခ န္ဓာ တစ် မျိုး မျိုး၏ အ သွေး ကို မ သုံး ဆောင် ရ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မြစ် တား ခဲ့ ပြီ။ ဆိုင် ရာ အ သွေး သည် ကိုယ် ခ န္ဓာ အ မျိုး မျိုး၏ အ သက် ဖြစ် သ ဖြင့် သုံး ဆောင် သော သူ တိုင်း ပယ် ရှား ခံ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသောကိုယ်ခန္ဓာ၏အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 အကြောင်းမူကား သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်၏။ ထိုသို့ အသက်သည် သွေး၌တည်သောကြောင့် အစ္စရေးအမျိုးသားတို့အား ‘မည်သည့်သတ္တဝါ၏သွေးကိုမျှ မစားရ။ သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်သောကြောင့် သွေးကိုစားသောသူမည်သူမဆို သုတ်သင်ပယ်ရှင်းခြင်းခံရမည်’ဟု ငါမိန့်ဆိုပြီ။ အခန်းကိုကြည့်ပါ။ |