ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
ထွက်မြောက် 1:11 - Common Language Bible သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။- Garrad Bible အ လုပ် အ ငန်း တာ နှင့် နှိပ် စက် စေ ရန် လ မိုင်း ဝန် ခန့် ထား သ ဖြင့် ဖာ ရော မင်း အ ဖို့ ရိ က္ခာ တော် သို ရာ ပိ သုံ မြို့၊ ရာ မ သက် မြို့ များ ကို တည် ဆောက် ရ ကြ ၏။ Judson Bible ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
သဲကန္တာရတွင်ရှိသောတာဒမော်မြို့ကိုတံ တိုင်းကာတော်မူ၏။ ဟာမတ်နယ်ရှိရိက္ခာသို လှောင်ရာမြို့အပေါင်းကိုလည်းပြန်လည် တည်ထောင်တော်မူ၏။-
သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။ သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။
ယင်းပစ္စည်းများမှာရွှေရောင်ပြောင်လက်သော အမွေးအတောင်များရှိသည့် ငွေဖြင့်ဖုံးအုပ်သောချိုးငှက်ရုပ်များဖြစ်သည်။ (သင်တို့အချို့သည်စစ်ပွဲဝင်သောနေ့တွင် အဘယ်ကြောင့်သိုးခြံများ၌နေခဲ့သနည်း။)
ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက် သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-