ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
တရားဟော 32:21 - Common Language Bible သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။ Garrad Bible ဘု ရား မ စစ် ဖြင့် မ ရှု ဆိတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ အ န တ္တ များ ဖြင့် အ မျက် တော် တိုက် ခြင်း ကိုလည်း ကောင်း၊ ပြု ကြ သည့် အ လျောက်၊ ငါ လည်း လူ မျိုး မ စစ် ဖြင့် မ ရှု ဆိတ် ခြင်း၊ ယုတ် မာ သော လူ မျိုး ခြား ဖြင့် အ မျက် တိုက် ခြင်း ကို ပြု တော် မူ လိမ့် မည်။ Judson Bible ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူသောစိတ်ရှိစေခြင်းငှာ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း ငါပြုမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။ |
ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
ကိုယ်တော်ရှင်သည်မိစ္ဆာဘုရားများကိုကိုးကွယ် ဆည်းကပ်သူတို့ကိုမုန်းတော်မူပါ၏။ သို့ရာတွင်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကိုးစားပါ၏။
သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
သို့ရာတွင်သူတို့သည်အရှက်မရှိ။ ငါ၏ အမျက်တော်ကိုလှုံ့ဆော်ကြ၏။ သူတို့သည် မြေသြဇာနတ်ဘုရားတို့ကိုဥယျာဉ်များ တွင်ယဇ်ပူဇော်ကြ၏။ ရုပ်တုကိုးကွယ်ရာ ယဇ်ပလ္လင်များတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်ကြ၏။-
သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-
အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
တစ်ဖန်ငါမေးဦးမည်။ ဣသရေလအမျိုးသား တို့သည် ထိုအမှုအရာကိုမသိနားမလည် ကြသလော။ မောရှေက၊ ``ငါသည်မရေရာသောလူမျိုးကိုအသုံးပြု သဖြင့် ငါ၏လူစုတော်အားမနာလိုစိတ်ရှိစေမည်။ မိုက်မဲသောလူမျိုးအားဖြင့်ငါ၏လူစုတော်အား အမျက်ထွက်စေမည်'' ဟုဦးစွာပထမဖြေကြား၏။
ဟောရှေကျမ်းတွင်ကိုယ်တော်က ငါ၏လူစုတော်မဟုတ်သူတို့ကို `ငါ၏လူစုတော်' ဟုငါခေါ်မည်။ ငါမချစ်သောလူမျိုးကိုငါချစ်သောလူမျိုး ဟုငါခေါ်မည်။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့် ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။
သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-