ယေဇကျေလ 8:3 - Common Language Bible3 သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible3 လက် သဏ္ဌာန် ကို ဆန့် လျက် ဦး ဆံ ကို ဆွဲ ပြီး လျှင်၊ မိုး မြေ စပ် ကြား ရောက် ချီ ဆောင် သော ဝိ ညာဉ် တော် သည်၊ ရှု စိတ် တော် မ မူ လို သော ရုပ် ပွား တည် ရာ ယေ ရု ရှ လင် မြို့ ရှိ အ တွင်း တံ တိုင်း၊ မြောက် မျက် နှာ တံ ခါး ဝ အ နီး၊ ဘု ရား သ ခင် ဆိုင် ရာ ရူ ပါ ရုံ၌၊ ငါ့ ကို ဆောင် သွား တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible3 လက်သဏ္ဌာန်ကိုဆန့်၍ ငါ၏ဆံပင်တစ်စုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကို မြေနှင့်မိုးကောင်းကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့ မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။
သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-
ထိုအခါချက်ချင်းပင်လက်နက်တစ်ခု စီကိုင်ဆောင်ထားသောလူခြောက်ယောက်တို့ သည် ဗိမာန်တော်မြောက်ဘက်အပြင်တံခါး မှထွက်၍လာကြ၏။ သူတို့နှင့်အတူပိတ် ချောထည်ကိုဝတ်ဆင်ကာ စာရေးကိရိယာ ကိုယူဆောင်လာသူလူတစ်ဦးလည်းပါ၏။ သူတို့အားလုံးပင်ကြေးဝါယဇ်ပလ္လင် အနီးသို့လာ၍ရပ်ကြ၏။