Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 10:19 - Common Language Bible

19 တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဣ သ ရေ လ လူ မျိုး တို့ သည် သိ ကြ သည် မ ဟုတ် လော ဟု ငါ ထပ် မေး အံ့။ လူ မျိုး တော် မ ဟုတ် သူ တို့ ဖြင့် သင် တို့၌ အား ကျ ခြင်း၊ ဉာဏ် ကင်း သော လူ မျိုး ခြား တို့ ဖြင့် အ မျက် တိုက် ခြင်း ကို ငါ ပြု လိမ့် မည် ဟု ဦး စွာ မော ရှေ ဆင့် ဆို သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဤ​အ​မှု​ကို မ​သိ​ကြ​သ​လော။ မော​ရှေ​က၊ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​မည်​ဟု ရှေ့​ဦး​စွာ​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်ဖန် ငါ​မေး​လို​သည်​မှာ အစ္စရေး​လူမျိုး​တို့​သည် မ​သိ​ကြ​သလော။ ပထမ​ဦးစွာ မောရှေ​က “ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​အားဖြင့် သင်​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ အသိတရား​ကင်းမဲ့​သော​လူမျိုး​အားဖြင့် သင်​တို့​ကို မခံမရပ်နိုင်​ဖြစ်​စေ​မည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အစ္စရေးလူမျိုးတို့​သည် အမှန်ပင်​မသိကြသလော​ဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်​ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေ​ခေတ်ကာလ​၌ ဘုရားသခင်​က “ငါ​သည် လူမျိုးစု​ပင်​မဟုတ်သော လူတို့​အားဖြင့် သင်တို့​၌ မနာလိုစိတ်​ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများ​အားဖြင့်​လည်း သင်တို့​ကို ဒေါသထွက်​စေမည်” ဟု မိန့်တော်မူ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 10:19
19 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့် လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။ ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။


သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။ သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။


ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။ ``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကို ငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍ သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။


သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-


သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-


ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-


သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-


သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။-


သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။


သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။-


ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။


ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-


သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။


အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-


အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ