ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
တရားဟော 28:10 - Common Language Bible ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် သ မုတ် ခံ ကြ သည် ကို ထောက်၍၊ မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ သည် သင် တို့ ကို ကြောက် ရွံ့ ကြ လ တ္တံ့။ Judson Bible သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်အပေါ် ထာဝရဘုရား၏နာမတော်တည်ကြောင်း မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ |
ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။-
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။
အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊ ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။ ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``ထိုအခါသင်တို့ပြည်သည်နေထိုင်ဖွယ် ကောင်းသည့်အရပ်ဖြစ်လိမ့်မည်။ သို့ဖြစ်၍ လူမျိုးတကာတို့သည်သင်တို့အားမင်္ဂလာ ရှိသူများဟုခေါ်ဝေါ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''
ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-