Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 11:25 - Common Language Bible

25 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သင် တို့ အ တွက် ကြောင့် ကြောက် ရွံ့ ထိတ် လန့် သော သ ဘော ကို နင်း သ မျှ သော အ ရပ် ရပ် သို့၊ က တိ တော် အ တိုင်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သွင်း တော် မူ မည် ဖြစ်၍ မည် သူ မျှ သင် တို့ ရှေ့ မ ခံ မ ရပ် နိုင် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​တို့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​အောင်၊ သင်​တို့​နင်း​သော​မြေ​အ​ရပ်၌ ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​တို့​ရှေ့​၌ မည်သူ​မျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို သင်​တို့​နင်း​သမျှ​သော​မြေ​၌ ကျရောက်​စေ​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 11:25
7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။


``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-


ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''


ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-


ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-


``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-


ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ