မာလခိ 3:12 - Common Language Bible12 ``ထိုအခါသင်တို့ပြည်သည်နေထိုင်ဖွယ် ကောင်းသည့်အရပ်ဖြစ်လိမ့်မည်။ သို့ဖြစ်၍ လူမျိုးတကာတို့သည်သင်တို့အားမင်္ဂလာ ရှိသူများဟုခေါ်ဝေါ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 နေ ပြည် လည်း၊ နှစ် သက် ဖွယ် ဖြစ် မည် အ လျောက်၊ လူ မျိုး တ ကာ တို့ က၊ သာ ယာ သည် ဟူ၍ ခေါ် ရ ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည်လည်း နှစ်သက်ဖွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 “လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသူဟု ခေါ်ကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပြည်သည် နှစ်သက်ဖွယ်သောပြည်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။