ယောရှု 5:1 - Common Language Bible
1 ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ယော် ဒန် မြစ် အ နောက် ဘက် နေ အာ မော ရိ ဘု ရင် တို့ နှင့် သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ ခါ န နိ ဘု ရင် အ ပေါင်း တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ကူး၍ မ ပြီး မ ချင်း၊ သူ တို့ ရှေ့ ယော် ဒန် မြစ် ရေ ကို ထာ ဝ ရ ဘု ရား ခန်း ခြောက် စေ တော် မူ ကြောင်း ကြား သိ ကြ လျှင်၊ ဣသ ရေ လ အ မျိုး သား တို့ ကြောင့် ရဲ ရင့် ခြင်း မ ရှိ နိုင် အောင် စိတ် လျော့ ကြ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှာ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ် အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာနေသော ခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိအလျှင်းမကြွင်း၊ ဣသရေလအမျိုးသားတို့ကြောင့် စိတ်ပျက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ