ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-
၎င်း ပြင်၊ နန်း တက် သည့် ကာ လ၌ ထို မင်း သည် လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ လက် ရှိ ဤ ပ ည တ္တိ ကျမ်း ကို ရေး ကူး ပြီး လျှင်၊
ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကိုရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။
မိမိနိုင်ငံ၏ရာဇပလ္လင်ပေါ်၌စံမြန်းရသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်တို့၏ရှေ့မှောက်တွင် ဤပညတ်တရားကို ကျမ်းစာလိပ်၌ကူးရေးရမည်။
သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
သို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။-
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-