တရားဟော 17:19 - Common Language Bible19 သူသည်ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ၍ ပညတ်ရှိသမျှတို့ကိုတစ်သဝေမတိမ်း လိုက်လျှောက်နိုင်ရန် ထိုကျမ်းစာအုပ်ကိုမိမိ အနီးအပါးတွင်ထားလျက် တစ်သက်ပတ် လုံးဖတ်ရှုရမည်။- အခန်းကိုကြည့်ပါ။Garrad Bible19-20 ဆွေ မျိုး သား ချင်း တို့ အ ပေါ် တွင် စိတ် နေ မြင့် ခြင်း၊ ဤ ပ ညတ် တော် မှ ဝဲ ယာ သို့ ယိမ်း ယိုင် ခြင်း ကင်း လျက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား ၍၊ ဤ ထုံး ဖွဲ့ ချက်၊ ဤ တ ရား ချက် အ လုံး စုံ ကို စောင့် ရှောက် လိုက် နာ ရန် သင် ကြား အံ့ သော ငှာ လည်း ကောင်း၊ ဣ သ ရေ လ ဘောင် တွင်၊ သား စဉ် မြေး ဆက် တို့ ပါ၊ တာ ရှည် စွာ အုပ် စိုး ခွင့် ရ အံ့ သော ငှါ လည်း ကောင်း၊ ထို ကျမ်း ကို တစ် သက် ပတ် လုံး စွဲ မြဲ၍ ကြည့် မှတ် ရ မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ဤတရားစကား၊ ဤပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်း၍ မိမိ၏ဘုရားသခင်ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို သင်ယူနိုင်ရန် ထိုကျမ်းစာလိပ်ကို မိမိနှင့်အတူထား၍ အသက်ရှင်သမျှကာလပတ်လုံး ဖတ်ရှုရမည်။ အခန်းကိုကြည့်ပါ။ |
သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''