ယောရှု 1:8 - Common Language Bible8 ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သ မျှ အ တိုင်း စောင့် ရှောက် လိုက် နာ နိုင် ရန် လည်း နေ့ ညဉ့် မ ဟူ ဖတ် ရွတ် ဆင် ခြင် လော့။ သို့ မှ ခ ရီး မှု ထ မြောက်၍ ကြံ တိုင်း အောင် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။