``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
တရားဟော 10:9 - Common Language Bible ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။) Garrad Bible လေ ဝိ အ နွယ် သား တို့ သည် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် အ မွေ ဝေ ပုံ စု ကို မ ရ ကြ။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း ထို အ နွယ်၏ အ မွေ ကား ထာ ဝ ရ ဘု ရား ပင် တည်း။ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။) |
``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။-
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-