Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 14:27 - Common Language Bible

27 ``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သို့​ရာ​တွင်၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​ဟူ​မူ​ကား၊ သင်​တို့​နှင့်​ရော၍၊ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို​မ​ခံ​ရ​သော​ကြောင့်၊ သူ့​ကို မ​စွန့်​မ​ပစ်​ရ​ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​တို့​သည် သင်​နှင့်အတူ အမွေ​ဝေစု​မ​ရ​သောကြောင့် သူ​တို့​ကို စွန့်ပယ်​မ​ထား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 14:27
9 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။


တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။


ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)


ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-


ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ကဲ့​သို့​သော​ဋ္ဌ​လေ့​ကို​ကျင့်​သော​လူ​မျိုး​များ ကို​ရွံ​ရှာ​တော်​မူ​သော​ကြောင့် သင်​တို့​ချီ​တက် ရာ​လမ်း​ကြောင်း​မှ​သူ​တို့​ကို​နှင်​ထုတ်​လျက် ရှိ​တော်​မူ​၏။-


သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ