တရားဟော 10:8 - Common Language Bible
8 တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထို ကာ လ၌၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် စေ ရန်လည်း ကောင်း၊ ရှေ့ တော်၌ ခ စား လျက် ဝတ် ပြု စေ ရန်လည်း ကောင်း၊ နာ မ တော် ကို အ မှီ ပြု၍ ကောင်း ကြီး မင်္ဂ လာ ပေး စေ ရန်လည်း ကောင်း၊ လေ ဝိ အ နွယ် သား တို့ ကို ယ ခု တိုင် အောင်၊ ထာ ဝ ရ ဘု ရား သန့် ခြား တော် မူ သည် နှင့် အ ညီ၊
အခန်းကိုကြည့်ပါ။ ကော်ပီ
8-9 ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ